Arrow
Arrow
Slider

မိတ်ဆက်ခြင်း

BILLY PUGH

ကုမ္ပဏီအား ခြုံငုံကြည့်ခြင်း

၁၉၇၅ မှစ၍ Billy Pugh Company သည် ကမ္ဘာတဝှမ်းရှိ ဖောက်သည်များ၏ ကမ်းလွန်စက်မှုလုပ်ငန်း လုပ်ဆောင်မှုများအတွက် ဘေးကင်းရေး အသုံးအဆောင်များကို အကောင်အထည်ဖော်၊ ထုတ်လုပ်ပြီး ပို့ဆောင်ပေးနေပါသည်။ Billy Pugh Company သည် အရည်အသွေး မြင့်မားသည့် သယ်ယူပို့ဆောင်ရေးနှင့် ကာကွယ်ရေး ထုတ်ကုန်များကို ဖန်တီးရန် ရည်ရွယ်ပါသည်။

 

အသားပေးထားသော ထုတ်ကုန်များ

နှစ်ပေါင်း ၄၀ ကြာ ဆောင်ရွက်ခဲ့ကာ ဖောက်သည်များ၏ ယုံကြည်မှုကို ရရှိခဲ့ပြီးနောက် Billy Pugh Company သည် လက်ရှိတွင် အောက်ပါ အသားပေးထားသော ထုတ်ကုန်များကို ပို့ဆောင်ပေးနေပါသည် – လူအား သယ်ယူပို့ဆောင်ရန် ပစ္စည်း (X-904 SERIES၊ X-800 SERIES၊ OSHA Basket)၊ ဘေးကင်းရေး ပိုက်ကွန်များ၊ အထူးထုတ် ပစ္စည်းများ၊ (ကြမ်းတမ်းသော အလုပ်ခွင် အခြေအနေအတွက်) ဖိုက်ဘာဂလပ်စ်၊ လှေကားများ၊ လိုင်းများနှင့် ကြိုးများအပြင် ကုမ္ပဏီမှ ထုတ်လုပ်သော ထုတ်ကုန်များနှင့် ကိုက်ညီသည့် အချိုးအစားညီသော ကိရိယာများ။

REFLEX MARINE

ကုမ္ပဏီအား ခြုံငုံကြည့်ခြင်း

၁၉၉၂ မှစ၍ Reflex Marine သည် ကမ်းလွန်လုပ်ငန်းများ အထူးသဖြင့် ကြမ်းတမ်းသော ပတ်ဝန်းကျင် သို့မဟုတ် ဆိုးရွားသော ရာသီဥတုတို့အတွက် ဘေးကင်းရေး အသုံးအဆောင်များကို ပံ့ပိုးရာတွင် ကမ္ဘာပေါ်ရှိ ဦးဆောင်သူများအနက် တစ်ဦးဖြစ်ပါသည်။ အသုံးအဆောင်များအပြင် Reflex Marine သည် လေ့ကျင့်ရေး ဝန်ဆောင်မှုများကိုလည်း ပေးပါသည်။

အသားပေးထားသော ထုတ်ကုန်များ

၁၉၉၂ မှစ၍ Reflex Marine သည် ကမ်းလွန်လုပ်ဆောင်မှုများ အထူးသဖြင့် ကြမ်းတမ်းသော ပတ်ဝန်းကျင် သို့မဟုတ် ဆိုးရွားသော ရာသီဥတုတွင် လုပ်ဆောင်ရမှုများအတွက် ဘေးကင်းရေး အသုံးအဆောင်များကို ပံ့ပိုးရာတွင် ကမ္ဘာပေါ်ရှိ ဦးဆောင်သူများအနက် တစ်ဦးဖြစ်ပါသည်။ ကိရိယာများအပြင် Reflex Marine သည် လေ့ကျင့်ရေးနှင့် ဝန်ဆောင်မှုများကိုလည်း ပေးပါသည်။

 

နည်းပညာဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှု

လူအား သယ်ယူပို့ဆောင်သည့် ပစ္စည်းကို ဝါယာကြိုး၊ ထုတ်လုပ်ထားသောကြိုး၊ ရေပေါ်ပေါ်နိုင်သည့်အရာ၊ အဖုံးပစ္စည်းများ အစရှိသည့် အစိတ်အပိုင်း များစွာဖြင့် ထုတ်လုပ်ထားပါသည်။ ယင်းအစိတ်အပိုင်းများ အားလုံးကို လုပ်ငန်းဆောင်ရွက်ရမည့် ကြမ်းတမ်းသည့် ကမ်းလွန်ပင်လယ်ပြင် ပတ်ဝန်းကျင်က သက်ရောက်မှု ရှိပါသည်။ ဤတိုက်စားမှုတွင် အထွေထွေ တိုက်စားမှုနှင့်ပြဲခြင်း၊ ယူဗွီကြောင့် အဆင့်လျော့ကျခြင်း၊ လေကြမ်းသည့် အခြေအနေနှင့် ကမ်းလွန်ပင်လယ်ရှိ ဆားငန်ရေတို့ ပါဝင်မည် ဖြစ်ပါသည်။ သို့ဖြစ်၍ လူအား သယ်ယူပို့ဆောင်သည့် ပစ္စည်းတစ်ခုစီတွင် စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းမှု အချိန်ဇယားနှင့် ကျွမ်းကျင်သူများ၏ ဂရုစိုက် ဆောင်ရွက်မှုတို့ လိုအပ်ပါသည်။

၆ လပြည့် ကြည့်ရှုစစ်ဆေးခြင်းကာလ

After first 6 months, the device should be through a general check-up which inspect floor, painting, lubricants… to get a new certificate.

X-904 ၏ ၆ လပြည့် ကြည့်ရှုစစ်ဆေးခြင်း

၆ လပြည့်        ကြည့်ရှုစစ်ဆေးမှုများ အားလုံးကို အရည်အသွေးမီ စစ်ဆေးသူဖြင့် ဆောင်ရွက်ရပါမည်။ လုပ်ငန်းစဉ်တွင် အဆင့် ၉ ဆင့် ပါဝင်ပါသည်။ အသေးစိတ်များအတွက် DLV Corp ၏ ဝန်ထမ်းအား ဆက်သွယ်ပေးပါ။ ချို့ယွင်းသော သို့မဟုတ် ပျက်စီးသော အစိတ်အပိုင်းများကိုလည်း အရည်အသွေးမီသော ပုဂ္ဂိုလ်တစ်ဦးမှ လိုအပ်သလို လဲလှယ်ရပါမည်။ API အရ အရည်အသွေးမီသော စစ်ဆေးသူဆိုသည်မှာ (သင့်လျော်သော အတွေ့အကြုံနှင့် လေ့ကျင့်မှုရှိပြီး) အလုပ်ခန့်အပ်သူမှ သတ်မှတ်ထားသောသူဖြစ်ကာ ကရိန်းများ၊ သင်္ဘောကြိုးတပ်ဆင်ခြင်းနှင့် မတင်ခြင်း ကိရိယာများကို ကြည့်ရှုစစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပြဿနာဖြေရှင်းခြင်း တို့အတွက် ပုံမှန် လေ့ကျင့်မှုကို တက်ရောက်ထားသူ ဖြစ်ပါသည်။

Frog XT ၏ ၆ လပြည့် ကြည့်ရှုစစ်ဆေးခြင်း

၆ လပြည့် ကြည့်ရှုစစ်ဆေးမှုများ အားလုံးသည် အမြင်ဖြင့် စစ်ဆေးခြင်း ဖြစ်သော်လည်း တစ်နှစ်လျှင် မတင်သယ်ယူမှု မြင့်မားသည့် (၅၀၀-၂၀၀၀) နှင့် အလွန်မြင့်မားသည့် (၂၀၀၀ – ၅၀၀၀) အရေအတွက်ရှိသော ကိရိယာများအတွက်မှာ ၃ လ ဖြစ်ပါသည်။ အမြင်ဖြင့် ကြည့်ရှုစစ်ဆေးခြင်းသည် တပ်ဆင်ထားသော အစိတ်အပိုင်းများကို ဖြုတ်ရန်မလိုဘဲ ကျွမ်းကျင်သူတစ်ဦးမှ အစိတ်အပိုင်းများကို ဂရုတစိုက်နှင့် အားနည်းချက်ရှာဖွေ စစ်ဆေးခြင်း ဖြစ်ပါသည်။ ပိုကြာသော အကြိမ်နှုန်းအတွက် စစ်ဆေးခြင်းနှင့် သုံးစွဲပြီးနောက် စစ်ဆေးခြင်း ကြည့်ရှုစစ်ဆေးမှုကို ပြုလုပ်ရပါမည်။

၁၂ လပြည့် ကြည့်ရှုစစ်ဆေးခြင်း

ဒုတိယ ၆ လပြည့် ကျော်လွန်ပြီးနောက် ကိရိယာအား ကြမ်းခင်း၊ ဆေးသား၊ ချောဆီများအား အသေးစိတ် စစ်ဆေးခြင်းကို ပြုလုပ်သင့်ပါသည်… ကိရိယာ၏ စွမ်းဆောင်ရည်ကို မလျော့ကျစေရန်အတွက် တိုက်စားသော အစိတ်အပိုင်းများကို လဲလှယ်ရန် ဖြစ်ပါသည်။ သင့်ကိရိယာသည် အသုံးရန်ဘေးကင်းကြောင်းကို သေချာစေရန်အတွက် ဖောက်သည်များအား ကိရိယာကို ယူလာခဲ့ရန် အလေးအနက် တိုက်တွန်းလိုပါသည်။

၁၂ လပြည့် ကြည့်ရှုစစ်ဆေးခြင်း

တတိယ ၆ လပြည့် ကျော်လွန်ပြီးနောက် ကိရိယာအား အသေးစိတ် ကြည့်ရှုစစ်ဆေးသင့်ပြီး ယင်းတွင် အစိတ်အပိုင်းတိုင်းအား ကြည့်ရှုစစ်ဆေးမည်ဖြစ်ကာ အသိအမှတ်ပြု လက်မှတ်အသစ်တစ်စောင် ရရှိမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ချောဆီပြန်ဖြည့်ရန်၊ ရာဘာကွင်းများကို အစားထိုးရန်အတွက် ကိရိယာကို တစစီ ပြန်ဖြုတ်ပါမည်… ကိရိယာသည် ပြန်လည်မွမ်းမံရမည့် နေ့စွဲမတိုင်မီအထိ ချောမွေ့စွာ အလုပ်လုပ်နိုင်ကြောင်းနှင့် ဘေးကင်းကြောင်း သေချာစေရန် ဖြစ်ပါသည်။

၂ နှစ်ကြာပြီးနောက် ပြင်ဆင်မွမ်းမံခြင်း

ယင်းသည် အသေးစိတ် ကြည့်ရှုစစ်ဆေးမှုတစ်ခု ဖြစ်ပါသည်။ ကိရိယာအား လုပ်ဆောင်မှု အသစ်များအတွက် အသင့်ဖြစ်နေကြောင်း သေချာစေရန် ယင်း၏ အစိတ်အပိုင်းများအား တရားဝင် ပြန်လည်မွမ်းမံရေး ပစ္စည်းစုံဖြင့် အစားထိုးလဲလှယ်မည် ဖြစ်ပါသည်။ အသိအမှတ်ပြု လက်မှတ်ကိုလည်း သက်တမ်းတိုးပါမည်။

ပြန်လည်မွမ်းမံသည့် ပစ္စည်းစုံတွင် ရည်ရွယ်ထားသော လုပ်ငန်းဆောင်ရွက်မှုအတွင်း လူအား သယ်ယူပို့ဆောင်သည့် ပစ္စည်းကို အသုံးပြုသူအတွက် အလွန်ဘေးကင်းကြောင်း သေချာစေသည့် အရေးကြီးသော အစိတ်အပိုင်းများ ပါဝင်ပါသည်။

ယုံကြည်နိုင်မှု

၂၀၁၄ ကတည်းက Billypugh Company & Reflex Marine မှ အတည်ပြုထားပါသည်

DLV Corp သည် Billy Pugh Company နှင့် Reflex Marine တို့၏ တရားဝင် ဖြန့်ချိသူဖြစ်ရသည့်အတွက် ဂုဏ်ယူပါသည်။ DLV Corp သည် ကုန်းတွင်းနှင့် ကမ်းလွန် လုပ်ငန်းခွင် အခြေအနေများတွင် လူများအား သယ်ယူပို့ဆောင်ရေး ကိစ္စအတွက် အရည်အသွေး အကောင်းဆုံး ထုတ်ကုန်များဖြင့် ဖောက်သည်များအား ထောက်ပံ့ပေးရန် ရည်ရွယ်ထားပါသည်။ သင်သည် လုပ်ငန်းနယ်ပယ်တွင် စိတ်ချရသော ဖြန့်ချိသူ တစ်ဦးကို ရှာဖွေနေပါက DLV Corp သို့ လာခဲ့လိုက်ပါ။

၂၀၁၄ မှစ၍ DLV Corp ကို Reflex Marine မှ ပံ့ပိုးသော လူအား သယ်ယူပို့ဆောင်သည့် ပစ္စည်းများအားလုံးကို ရောင်းချခြင်း၊ ပြန်လည်တည်ဆောက်ခြင်း၊ ပြန်လည်မွမ်းမံခြင်းနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းတို့အပြင် Billy Pugh Company မှ ကိရိယာများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းအတွက်ပါ Billy Pugh Company ကရော Reflex Marine ကပါ အသိအမှတ်ပြုထားပါသည်။ ကျွန်ုပ်တို့ထံ လာရောက်ခြင်းဖြင့် သင့်ကိရိယာများသည် အကောင်းဆုံး ပြုပြင်ထိန်းသိမ်းမှုကို ရရှိမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ဖောက်သည်များ

(၁၉၈၆ တွင် တည်ထောင်ခဲ့သော) SAMASER Group ၏ အစိတ်အပိုင်းဖြစ်သော DLV Corp တွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် အကောင်အထည် ဖော်မှုများ၌ နှစ်ပေါင်း ၃၀ ကျော် လုပ်ကိုင်ခဲ့ပြီး ဘေးကင်းရေး အသုံးအဆောင်များ လုပ်ငန်းတွင် ပြည်တွင်းနှင့် နိုင်ငံတကာရှိ ဖောက်သည်များစွာထံသို့ အကောင်းဆုံး ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးနေပါသည်။ DLV Corp သည် လုပ်ငန်းနယ်ပယ် အမျိုးမျိုးတွင် သင်နှင့်အတူ လုပ်ကိုင်လိုပါသည်။ “အမြဲတမ်း ရှိနေမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ အကောင်းဆုံး ဖြေရှင်းချက်ကို ရရှိစေရန် ကတိပြုပါသည်။

ကျွန်ုပ်တို့၏ နိုင်ငံတကာ ဖောက်သည်များအနက် တစ်ဦးဖြစ်သော Mubadala Petroleum ၏ လူအား သယ်ယူပို့ဆောင်ရေး ပစ္စည်းအတွက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ် ဆောင်ရွက်သည့် ပုံများ။

Mubadala Petroleum သည် ရေနံနှင့် ဓာတ်ငွေ့ ရှာဖွေရေးနှင့် ထုတ်လုပ်ရေးတွင် တိုးတက်နေသော နိုင်ငံတကာ ဦးဆောင်ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။  ယင်းတို့သည် နိုင်ငံပေါင်း ရှစ်ခုတွင် ပိုင်ဆိုင်မှုများနှင့် လုပ်ငန်းများကို စီမံဆောင်ရွက်နေပြီး အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှမှာ ပထဝီမြေပြင်ဆိုင်ရာအရ အဓိက ဦးတည်ချက် ဖြစ်ပါသည်။

Arrow
Arrow
Slider

ဖောက်သည် သတင်းအချက်အလက်

*လိုအပ်သော သတင်းအချက်အလက်
/ / ( dd / mm / yyyy )
/ / ( dd / mm / yyyy )
/ / ( dd / mm / yyyy )

အာမခံအခြေအနေ

ထုတ်လုပ်သူ၏ ချို့ယွင်းမှုများ သို့မဟုတ် တရားဝင် ပြန်လည်ရောင်းချသူ၏ ချို့ယွင်းမှုများအတွက် အာမခံ ပါဝင်ပါသည်။

မှားယွင်းသုံးစွဲခြင်း (အလေးချိန်ပိုခြင်း၊ တင်ရမည့် အရွယ်အစားထက်ပိုခြင်း၊ တိရစ္ဆာန်ကြောင့် ထိခိုက်ခြင်း၊ ဓာတုပစ္စည်းကြောင့် ထိခိုက်ခြင်း…) သို့မဟုတ် သဘာဝဘေးအန္တရာယ် (မီး၊ မိုးကြိုးပစ်ခြင်း…) တို့ကြောင့် ဖြစ်ပေါ်သော ချို့ယွင်းမှုများသည် အာမခံတွင် မပါဝင်ပါ။

အာမခံကဒ်ပြားရှိပြီး ဆီးလ်တံဆိပ်များ ကောင်းမွန် (ပြုပြင်ထားခြင်း သို့မဟုတ် အတုလုပ်ထားခြင်း မရှိ) မှသာ အာမခံကို ရရှိနိုင်ပါသည်။

အာမခံကိစ္စကို မြန်ဆန်စေရန် သင့်တောင်းဆိုမှုအား DLV Corporation သို့ ဖက်စ်ပေးပို့ခြင်း၊ services@dlvcorp.com သို့ အီးမေးလ်ပို့ခြင်း သို့မဟုတ် DLV Corporation ၏ ဝဘ်ဆိုက်တွင် စာရင်းသွင်းတို့ ပြုလုပ်နိုင်ပါသည်။

Pin It on Pinterest

Share This